June 19, 2013

Google Play Store အသုံးပြု၍ ရအောင်ဖန်တီးခြင်း။

Google Play Store အသုံးပြုရန်အတွက် လိုအပ်သော အချက်များ

  1. Google Play Store အသုံးပြုလိုသော ဖုန်းဟာ Root လုပ်ပြီးသားဖြစ်ရပါမယ်
  2. DroidVPN ဆိုတဲ့ APK ဖိုင်ရှိရပါမယ်
  3. Market_Unlocker_Pro ဆိုတဲ့ APK ဖိုင်ရှိရပါမယ်
  4. Email တစ်ခုလည်း လိုအပ်ပါတယ်
*Droid VPN နှင့် Marker Unlocker Pro တို့ ကို Zip ဖိုင်အနေဖြင့်တွဲပေးထားပါတယ်*


DroidVPN နဲ့ Market Unlocker Pro ဒေါင်းပြီးရင်တော့ အောက်ပါ အဆင့်များကို လုပ်ဆောင်ပါ -

  1. Download လုပ်ထားသော  DroidVPN.apk နဲ့ Market_Unlocker_Pro_1.2.4.apk ကို Google play အသုံးပြုမည့် ဖုန်းအတွင်းသို့ Install လုပ်ပါ
  2. Install လုပ်ပြီးပြီဆိုရင်တော့ DroidVPN ကို ဖွင့်ပြီး DroidVPN အကောင့် လုပ်ပါ
  3. DroidVPN အကောင့်လုပ်စဉ်က အသုံးပြုခဲ့သော Email အကောင့်ရဲ့ inbox ထဲမှ DroidVPN မှ Username နဲ့ Password ပို့ပေးပါလိမ့်မယ်၊ username နဲ့ password ကိုယူပြီ  DroidVPN မှာ အကောင့် DroidVPN မှာ login ဝင်လိုက်ပါ
  4. Market Unlocker ကိုဖွင့်လိုက်ပါ
  5. ပထမဆုံး  Market Tab မှာ ရှိတဲ့ နိုင်ငံတွေထဲမှ နိုင်ငံတစ်ခုကို ရွေးလိုက်ပါ (ဥပမာ - USA)
  6. Home Tab မှာရှိတဲ့ Enable Unlocker နဲ့ Auto Unlock ကို ON ပေးရပါမယ်။
  7. Google Play ရှိပြီးသားဆိုရင်တော့ Update လုပ်ရပါမယ် ၊ မရှိသေးဘူးဆိုရင်တော့ Google Play apk ဖိုင် install လုပ်ပါ
မှတ်ချက် - လိုအပ်လျှင် System Setting -> Application -> Google Play Store -> "Clear Data" မှာ Data တွေကို ရှင်းပေးပါ။

အထက်ပါ အားလုံး လုပ်ပြီးပြီ ဆိုရင်တော့ Google Play Store ကိုအသုံးပြုလို့ရပါပြီ။

အားလုံးအဆင်ပြေကြပါစေဗျာ။

အားပေးမှုကို အထူးကျေးဇူးတင်ပါသည်။

Autumn King