June 21, 2013

SimCard များ အခမဲ့ ဝေပေးသွားမည်ဟု ပြောကြား

SimCard များ အခမဲ့ ဝေပေးသွားရန်ရှိကြောင်းပြောကြား။



ပြည်တွင်းဆက်သွယ်ရေး ကဏ္ဍ ဖွံဖြိုးတိုးတတ်ရေးအတွက် ထပ်မံရွေးချယ်ရန် ကျန်ရှိနေသည့်
အော်ပရေတာ နေရာနှစ်နေရာကို ၂၀၁၃ ခုနှစ် ဇွန်လ (၂၇) ရက်နေ့ တွင်ရွေးချယ်ပေးသွားမည်
ဖြစ်ကြောင်းသိရသည်။ အဆိုပါ အော်ပရေတာ နှစ်နေရာအတွက် ရွေးချယ်ရာတွင် ဆန်ခါတင်
ကုမ္ပဏီ စာရင်းဝင် (၁၅) ခုအနက် (၂)ခုသာ ရွေးချယ်ပြီး အော်ပရေတာ လုပ်ငန်းလိုင်စင်ပေးအပ်
သွားမည်ဖြစ်ကြောင်းသိရသည်။အရွေးချယ်ခံရသည့် အော်ပရေတာလုပ်ငန်းနှစ်ခုကလည်း
လုပ်ငန်းလိုင်စင် ရရှိခဲ့ပါက မြန်မာပြည်သူ ပြည်သားများအတွက် Hand Set နှင့် Sim Card များ
အခမဲ့ ဝေပေးသွားရန် အစီအစဉ်ရှိကြောင်း နည်းပညာအသိုင်းအ၀ိုင်းမှ သတင်းရရှိပါသည်။


မှတ်ချက်။    ။ Digitel Life Journal (18-6-2013) မှ ကူးယူဖော်ပြပါသည်။

Autumn King